Sunday, October 27, 2013

Win Rar ဖိုင်ခွဲနည်း ၊ password ထည့်နည်း

ကဲ....ဒီတခါတော့ ဘော်ဘော်တို့ အတွက် WinRAR မျာ ဖိုင်ခွဲနည်း ၊ password ထည့်နည်းလေးတွေကိုဖော်ပြပေးပါ့မယ်....သိပြီးသူတွေကတော့ ကျော်သွားလိုက်ပေါ့နော်....

ပုံကို အရင်ကြည့်လိုက်ပါ.. ကိုချုံ့မဲ့ ဖိုင်ကို right click နှိပ်လိုက်ပါ.. ပြီးရင် WinRAR ကိုထပ်နှိပ် Add to archive ဆိုပြီးပေါ်လာရင် အဲတာ ထပ်နှိပ်လိုက်ပါ.. အောက်က ပုံအတိုင်းပေါ်လာမယ်..

General Tag ထဲက Compression method အောက်က Split to volume bytes အောက် မှာ
100000000 ဆိုပြီးရေးလိုက်ပါ.. ဒါဆိုဖိုင်းကို 100MB စီခွဲပေးပါလိုက်မယ် ရှေ့ က 100 နေရာ မှာ ကိုယ်ကြိုက်တာ ရေးလို့ရပါတယ် အခုဟာက 100MB ကို ခွဲပြတာပါ.. 10MB စီခွဲမယ်ဆိုရင်တော့ 10000000 လို့ရေးပေးလိုက်ပါ.. 1MB ဆိုရင်တော့ 1 လို့ ရေးလိုက်ပါ.. သူပြောတာက bytes ရေးခိုင်းတာဖြစ်လို့ 100MB လိုချင်ရင် 100000000 ရေးတာပါ..
နောက်တနည်းကတော့
1MB = 1000KB
1KB = 1000Bytes
1000KB = 1000000Bytes
1MB = 1000000KB
100MB = 100000000Bytes

ကိုယ်ပိုင်းလိုတဲ့ ပမာဏကို ရေးပြီး OK ကို နှိပ်လိုက်ရင်ရပါပြီ။

=============================
နောက် password ထည့်တဲ့နည်းလေးကိုပြောပြပေးပါမယ်...
 General Tag ဘေးနားမှာပဲ Advanced Tag ဆိုတာလေးရှိပါတယ် အဲ့ထဲကို ဝင်လိုက်ပါ...
ညာဘက်ထောင့်နားမှာ Set password ဆိုတာရှိတယ် အဲတာကို နှိပ်လိုက်ပါ..


Archiving with password ဆိုပြီး Box တခုပေါ်လာပါလိမ့်မယ် Enter password မှာ ကိုယ်ရေးချင်တဲ့ password ကိုရေး Reenter password for verification နေရာမှာ ပေါ်မှာရေးထားတဲ့ အတိုင်းရေး ပြီးရင် OK ကိုနှိပ်လိုက်... ဒါဆိုရင် WinRAR ကိုဖွင့်ရင် password တောင်းလိမ့်မယ်..ကဲ...အားလုံး အဆင်ပြေကြပါစေဗျာ......


No comments:

Post a Comment

အဆင်မပြေမှုများရှိပါက Comment Box တွင်ပြောခဲ့ပေးပါ။ ကျေးဇူးတင်ပါတယ်။