EIGRP-(Enhance Interior Gateway Route
Protocol)
EIGRP သည် Routing Protocol များထဲမှ Protocol တစ်ခုဖြစ်ပါတယ်။EIGRP
သည် Cisco ၏ Propietary ဖြစ်ပြီး 2013 နောက်ပိုင်းမှစ၍ IEEE ရဲ့ Standard အဖြစ်သတ်မှတ်ခဲ့ပါတယ်။ကျွန်တော်
Cisco Router ရဲ့ Eigrp ရဲ့ အလုပ်လုပ်ပုံကို Theory နဲ့ Configuration နှစ်ခုတွဲပြီးပြောမှာဖြစ်ပါတယ်ခင်ဗျား။အရင်ဆုံး
Theory နဲ့ စပါမယ်။Theory နားလည်သွားရင် Configuration က လွယ်သွားပါလိမ့်မယ် ။
ကျွန်တော်သိသလောက်
တတ်သလောက် Share ထားတာလေးပါ
EIGRP Routing
Protocol Operation ကိုလေ့လာတဲ့ အခါမှာ အောက်ပါ
အချက်(၄) ချက် ကို တွေ့မြင်ရမှာဖြစ်ပါမယ်။
(1)
Neighbor
Discovery
(2)
Topology
Exchange
(3)
Route
Calculation (Best Route Calculation)
(4)
Convergence
<1>
Neighbor Discovery
Routing
Protocol များဟာ Learn,Advertise, Choose
the best Route စတဲ့ အလုပ်တွေမလုပ်ခင်
Neighbors များကို အရင်ရှာရပါတယ်။EIGRP ဟာလည်း အဲလိုပဲ့ ပထမဦးဆုံး Neighbors
Discovery Process ကို အရင်လုပ်ရပါတယ်။
ပုံမှာပြထားတဲ့
အတိုင်း Router 1 နဲ့ Router 2 သည် Same Network တွင်ချိတ်ပေးထားပါတယ်။အဲဒီတော့ Router A နဲ့ Router B ကို Neighbor ဖြစ်ဖို့အတွက်
လိုတာပေါ့။ အဲလို Neighbor ဖြစ်ဖို့ အတွက် ပထမဦးဆုံး Process ကတော့ Hello Message
စပို့တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။အဲဒီ Message ကိုပဲ့ တစ်ဖက်တည်းကပြောရင် Neighbor မဖြစ်နိုင်ပါဘူး
နှစ်ဘက်စလုံးအပြန်အလှန်ပို့မှ Neighbor ဖြစ်မှာပါ။၎င်း Hello Message ကို EIGRP
Message ဟုခေါ်ပါသည်။ကောင်းပြီ အဲဒီ Hello Message ထဲမှာဘာတွေပါသွားလဲဆိုဒါကို
Detail ပြောရအောင်။
ပုံအရ
R1 နဲ့ R2 Neighbor တပ်ဖို့အတွက် အဓိက အချက် <၃> ချက်လိုအပ်ပါတယ်။ (၁)Eigrp
Logical Group တစ်ခုဖွဲ့ရပါမယ်။ပြီးတော့ အဲဒီအဖွဲ့ ရဲ့ AS(Autonomus System)
Number ထဲက တူရပါမယ်။AS Number က (1 to
65535) အကြားကြိုက်နှစ်သက်ရာပေးနိုင်ပါတယ်။ (၂) R1 နဲ့ R2 သည်တူညီသော Network အုပ်စုအတွင်းမှာရှိရပါမယ်။Subnet
Mask မတူရင်တောင် Network အုပ်စုတစ်စုတည်းဖြစ်နေရင်တောင် Neighbor တပ်ပါတယ်။ (၃)
Authentication On ထားလျင် Pass ဖြစ်ရပါမယ်။ အဲဒီအချက်သုံးချက်နဲ့ ကိုက်ညီလျင်
Neighbor တပ်ပါပြီ။ ထိုအချက်သုံးချက်စလုံးကို Hello Message တွင်ထည့်ပြီး တစ်ဖက်တစ်ချက်
Neighbor ဖြစ်အောင် လုပ်ကြပါမယ်။ အဲဒီ
Message က Interface ကနေဖြတ်ပြီး ထွက်တဲ့ အတွက်ကြောင့် Interface မှာလည်း EIGRP on
ပေးရပါတယ်။Interface တိုင်းကို Eigrp on ဖို့ မလိုပါ။ဘာကြောင့်လဲဆိုတော့ မိမိ
Neighbor ဖြစ်ချင်တဲ့ ဘက်ကိုပဲ့ On ပေးရမှာဖြစ်ပါတယ်။
ထူးခြားတာတစ်ခုက EIGRP သည် Hello Message ပို့ရန်အတွက် Frame ဆောက်တဲ့
အခါမှာ Tranport Layer ရဲ့ Protocol တွေဖြစ်တဲ့ TCP နဲ့ UDP တို့ မသုံးဘဲ ၄င်း Layer
ကိုကျော်ပြီး Network Layer ရဲ့ IP ကို Header အဖြစ်သုံးပြီး Message ပို့ပါတယ်။ Router
A ကနေ ပို့မယ် Hello Message ကို နမူနာပေးထားပါတယ်။
အဲဒီမှာ
သူသုံးတဲ့ Destanitation Address က Unicast တို့ Brocast တို့ မဟုတ်ဘဲ Multicast ကိုသုံးပါတယ်။ဆိုလိုတာက
အဲဒီ IP နဲ့ လာသော Packet မှန်သမျှ EIGRP ON ထားသော Neighbour Router များအားလုံး
BPDU Message လက်ခံပါ ဆိုတဲ့ အဓိပ္ပယ်ဖြစ်ပါတယ်။
ကောင်းပြီ Neighbor တပ်သွားပြီဆိုပါစို့ ။အဲဒီအခါမှာ Router မှာ Neighbor Table ဆိုတာပေါ်လာပါတယ်။ အဲဒါနဲ့
ထပ်ပြောပါအုံးမယ် Interface တွေမှာ ဘာကြောင့် EIGRP On ရတာတုန်းလို့ တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင်
အကြောင်းရင်းက (၂) ချက်တည်းရှိပါတယ်။ (၁) အချက်မှာ Neighbor ရှာဖို့နဲ့ (၂) မိမိ
Router ရဲ့ Interface များရဲ့ Subnet များအကြောင်းကို Neighbor Router များသို့
Information ပေးရန်ဖြစ်ပါတယ်။ 2 be Continue>>>>>
No comments:
Post a Comment
အဆင်မပြေမှုများရှိပါက Comment Box တွင်ပြောခဲ့ပေးပါ။ ကျေးဇူးတင်ပါတယ်။